Saturday, 28 July 2012

THE TRIPLE JEWEL


THE TRIPLE JEWEL
The Buddha knew it would be difficult for people to follow his teachings on their own, so he established the Three Refuges for them to rely on. If a person wants to become Buddhists take refuge in and rely on the Buddha, the Dharma, and the Sangha. These are known as the Triple Jewel. The Sangha are the monks and nuns. They live in monasteries and carry on the Buddha's teaching. The word Sangha means 'harmonious community'. The Buddha, the Dharma, and the Sangha together possess qualities that are precious like jewels and can lead one to enlightenment.
A refuge is a place to go for safety and protection, like a shelter in a storm. Taking refuge does not mean running away from life. It means living life in a fuller, truer way.
Taking refuge is also like a man traveling for the first time to a distant city. He will need a guide to show him which path to follow and some traveling companions to help him along the way.
  • The Buddha is the guide.
  • The Dharma is the path.
  • The Sangha are the teachers or companions along the way.
There is a special ceremony for taking refuge with the Triple Jewel. With a sincere mind, one recites the following verse in front of an ordained monk or nun.
I go to the Buddha for refuge.
I go to the Dharma for refuge.
I go to the Sangha for refuge.
For a Buddhist, taking refuge is the first step on the path to enlightenment. Even if enlightenment is not achieved in this life, one has a better chance to become enlightened in a future life. One who take the precepts is called a lay person.

သုမေဓာ နှင့် သုမိတ္တာတို့ ဗျာဒိတ် ခံယူနေပုံ။


သုမေဓာ နှင့် သုမိတ္တာတို့ ဗျာဒိတ် ခံယူနေပုံ။
          ဘုရားအလောင်း သုမေဓာရှင်ရသေ့သည် ဈာန်အဘိညဉ်ရ၍ ကောင်းကင် ခရီးဖြင့် ကြွသွားစဉ် ဒီပင်္ကရာမြတ်စွာဘုရား ကြွလာတော်မူရန် "ရမ္မာ"မြို့သူမြို့သားတို့ လမ်းပြင်နေကြ သည်ကို မြင်ရ၍ ကောင်းကင်မှ ဆင်းသက်ကာ နေရာတစ်ကွက်ကို တောင်းယူ ပြင်ဆင် နေတုန်းမှာပင် ရဟန္တာများနှင့် အတူ ဘုရားရှင် ကြွလာတော်မူသောကြောင့်ပြင်၍ မပြီးသေးသော ရွှံ့ညွှန်ပေါ်မှာမိမိကိုယ်ကိုတံတားခင်း၍မှောက်စင်းနေလေသည်။
          ထိုအချိန်မှာ "သုမိတ္တာ" မည်သော အမျိုးသမီးကလည်း ကြာပန်း ရှစ်စီး တွင် ငါးစီးကို ဘုရားရှင်အား လှုဘို့ရန် ရသေ့၏ လက်သို့ ကမ်းလှမ်း၍ သုံးစီးကို မိမိကိုယ်တိုင် လှုဒါန်း လေသည်။ ဘုရားရှင်သည် ထိုသူ၂ယောက်၏နောင်ရေးကို ဆင်ခြင်တော်မူကာ --- "ဤရသေ့သည် ဂေါတမဘုရား ဖြစ်လိမ့်မည်။ ဤ အမျိုးသမီးကား ပါရမီဖြည့်ဘက် ဖြစ်လိမ့်မည်။" ဟု ဗျာဒိတ်ပေးတော်မူသည်။

SUMEDHA AND SUMITARECEIVING A PROPHETIC DECLARATION
Hermit Sumedha, the Future Buddha, had attained thesix High Power.
While traveling by air he saw the townsfolk of Ramma clearing the pathway and came down to the ground, and asked to be permitted to clear a portion of the track on which the Buddha Dipankara was to travel. He was given a portion of it, and before he had cleared it, the Buddha Dipankara came along that way with a retinue of arahants. Sumedha spread himself out upon the mud with his face downwards, his body serving as a bridge so that the Buddha and the disciples following Him could tread on him.
At that moment a lady by the name of "Sumitta" arrived with eight branches of lotus flowers. She handed over to the hermit five of those bunches to be offered to the Buddha. The Buddha, with mind's eye of Buddha, saw that was in store for the these two persons in future, and made this prophetic declaration. "This hermit will become Gotama Buddha, and this lady will become his help-mate to help him fulfill the Perfections (Paramitas).
ဗုဒ္ဒ္စဘာသာကလျာဏယုဝအသင်း
မှထုတ်ဝေသော ရုပ်စုံဗုဒ္ဒ္စသာသနာဝင်
မှ ကူးယူဖော်ပြပါသည်။ (ရေးသားသူ အဂ္ဂမဟာဏိတ အရှင်ဇနကာဘိဝံသ)

Friday, 27 July 2012

ကူညီိစောင်မပါ အတုံ့အပြန်မမျှော်လင့်ပါနဲ့


ဤနည်းလမ်းမှာ စာဖတ်သူများအား မိမိဘ၀တွင် ၀န်ဆောင်မှုနှင့်ရောစပ်ရန်အတွက် အထောက်အကူ ဖြစ်လိမ့်မည်. . . ဤနည်းလမ်းကို ကျင့်သုံးပါက. . . တစ်စုံတစ်ယောက်သောသူအတွက် အတုံ့အပြန် မမျှော်ကိုးဘဲ ကူညီလိုက်ရလျှင် မည်မျှ လွယ်ကူ၍ မည်သို့သော စိတ်ချမ်းသာမှု ရရှိနိုင်ကြောင်း သိရပေလိမ့်မည်။ 
မကြာခဏဆိုသလိုပင် ကျွန်ုပ်တို့သည် သိသိသာသာ အားဖြင့်သော်လည်းကောင်း၊ မသိမသာအားဖြင့်သော် လည်းကောင်း အခြားသူတို့အတွက် ကိစ္စတစ်ခုကိုဆောင် ရွက်ပေးရသည့်အခါ ကျေးဇူးပြုခြင်း ခံရသူတို့ထံမှ တစ်စုံတစ်ရာ အတုံ့အလှည့်ကို မျှော်လင့်မိကြသည်။ "ကျွန်တော် သန့်စင်ခန်းကို ဆေးကြောပေးထားလို့. . . သူက အိမ်သာကို ဆေးကြောပေးသင့်ပါတယ်. . . "  ဟူ၍ လည်းကောင်း၊ "အရင်တစ်ပတ်တုန်းက သူ့ကလေးကို ထိန်းပေးခဲ့လို့ ဒီအပတ်တော့ သူလုပ်မယ်လို့ ပြောသင့်ပါတယ်. . " ဟူ၍လည်းကောင်း အသေးအဖွဲကအစ ပြောမိတတ်ကြသည်။ဤသို့ ပြောခြင်းသည် ကိုယ်ကျေးဇူးပြုသမျှကို မလွတ်တမ်း စာရင်းတို့ထားလျှက် ကိုယ်က ပြုလုပ်ပေးရခြင်းသည် ကိုယ်ရသော ဆုလာဘ် ဖြစ်သည် ဟူသော အချက်ကို မေ့မေ့လျော့လျော့ ပြုတတ်ကြသည်။ 
တစ်စုံတစ်ယောက်အတွက် ကောင်းမှု ပြုရလျှင် ပြုလိုက်ရုံ သက်သက်သာ ဖြစ်သင့်သည်။ ထိုအခါ ကိုယ့်စိတ်ထဲ၌ ကျေနပ်လှပသော ငြိမ်းချမ်းမှု ပေါ်ပေါက်နေလိမ့်မည်ကို အေးအေးလူလူ တွေးကြည့်မိလျှင် သိနိုင်မည်ဖြစ်သည်။ တက်တက်ကြွကြွ လှုပ်ရှားလေ့ကျင့်သော လေ့ကျင့်ခန်းများသည် ဦးနှောက်တွင်းရှိ အင်ဒိုဖင် ဓာတ်များကို ထွက်စေ၍ ကိုယ်ကာယ လှုရှားမှု တွင် နေကောင်းထိုင်သာ ရှိသကဲ့သို့ စေတနာ မေတ္တာဖြင့် ကူညီသော အလုပ်များသည် စိတ်ဓာတ်ကို အလားတူ အကျိုးများပေးနိုင်လေသည်။ 
ကိုယ်ရရှိသည့် ဆုလာဘ်မှာ ကြင်နာစွာ ဆောင်ရွက်ရသော လုပ်ငန်းတွင် ကိုယ်တိုင်ပါဝင်ခွင့်ရရှိခြင်း ဖြစ်ကြောင်းသဘောပေါက်နိုင်ခြင်းဖြစ်သည်။ ထိုအခါ သင့်မှာ တစ်စုံတစ်ရာ အတုံ့အပြန် မလိုအပ်ရုံမက "ကျေးဇူးတင်ပါတယ်" ဟူသော စကားကိုပင် လိုအပ်စရာ မရှိပေ။   အမှန်စင်စစ်အားဖြင့် ကိုယ်က ဆောင်ရွက် ကျေးဇူးပြုလိုက်သည်ကို ကာယကံရှင်အား အသိပေးနေစရာ မလိုအပ်ပေ။ 
စိတ်၏ ကြည်နူးမှုကို အဆီးအတားပြုသော အရာကား အတုံ့အပြန် သဘောကို မျှော်လင့်ခြင်းပင်ဖြစ်သည်။ ကိုယ့်စိတ်က မျှောလင့်ချက် တစ်စုံတစ်ရာ ထားမိသည့် အတွေးသည် ရင်ထဲတွင် ကြည်နူးရမည့် ကိစ္စကို ဖျက်လိုဖျက်ဆီး ပြုလိုက်သလို ဖြစ်ရလေသည်။ထိုအတွေးမျိုးမပေါ်လျှင် ကြည်နူးရပေလိမ့်မည်။ 
ထို့ကြောင့် တစ်ပါးသူအတွက် အကျိုးရှိစေမည့် စေတနာဖြင့် ဆောင်ရွက်ပေးမည့် ကိစ္စတစ်ရပ်ရပ်ကို ရှာကြံ၍ အကျိုးမမျှော်ဘဲ ပြုလုပ်ရသည်။ ကိုယ်က အခြားတစ်ဦးဦးအား ကူညီစောင့်ရှောက်ပြီးသွားသည့် နောက် အကျိုးမမျှော်ကိုးဘဲ လုပ်ကိုင်ပေးရခြင်းအတွက် စိတ်နွေးထွေးကျေနပ်မှု ဖြစ်ပေါ်နိုင်ခြင်း ရှိမရှိ သတိထားကြည့်ပါ။  ထိုသို့ပြုလုပ်လေ့ကျင့်နိုင်သည်နှင့် အမျှ စိတ်ချမ်းသာ ကြည်နူးရခြင်း အမြတ်ကို ရရှိပါလိမ့်မည်။

မောင်ဆုရှင်

Wednesday, 25 July 2012

ပါကစ္စတန် လူ့အခွင့်အရေး ခေါင်းဆောင် ရခိုင်ပြည်နယ် လာမည်

ပါကစ္စတန် လူ့အခွင့်အရေး ခေါင်းဆောင် ရခိုင်ပြည်နယ် လာမည်


ပါကစ္စတန်နိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင် Ansar Burney 


မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇူလိုင်လ ၂၄ ရက် ၂၀၁၂ ခုနှစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်များအရေး ကိုယ်တိုင် လေ့လာ ကူညီရန်အတွက် ပါကစ္စတန်နိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင် Ansar Burney သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်ဟောင်းလည်း ဖြစ်သည့် Ansar Burney အပါအဝင် Ansar Burney Trust မှ လေးဦး မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားပြီးဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်ကြေညာသည်။

လူမျိုးရေး အကြမ်းဖက်မှုများ၊ မူဆလင်များ အစုလိုက် သတ်ဖြတ်ခံရမှုကြောင့် ရခိုင် ဒေသမှာ ညက်ညက်ကြေပြုန်းခဲ့ ရကြောင်း အစီရင်ခံချက်များကြောင့် ဆက်လက် ဖြစ်ပေါ်နေပြီး ထိုအထဲတွင် မူဆလင်များအား ပစ်မှတ်ထားကာ တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ အဓမ္မ ပြုကျင့်မှု၊ လက်ရောက်စော်ကားမှု အစီရင်ခံချက်များမှာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေးအဖွဲ့များအတွင်း ရှုတ်ထွေးမှုများ ဖန်တီးနေသည်ဟု ဆိုသည်။

အသက် ၅၆ နှစ်အရွယ်ရှိ Ansar Burney မှာ ပါကစ္စတန်နိုင်ငံ၏ ပထမဆုံးသော လူ့အခွင့်အရေး ဝန်ကြီး ဖြစ်ခဲ့ဖူးပြီး အမေရိကန် နိုင်ငံခြားရေးန်ကြီးဌာန အစီရင်ခံစာတွင် ‘လူကုန်ကူးမှု ဆန့်ကျင်ရေး သူရဲကောင်း’အဖြစ် ဂုဏ်ပြုခံရဖူး သည်။

ယခု လာရောက်မည့် ခရီးစဉ်မှာ အချက်အလက်များ ရှာဖွေရန်နှင့် ငိုကြွေးနေ၊ သေလုဆဲဆဲ ဖြစ်နေကြသော သူများအား ကူညီရန်အတွက် ဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

ရခိုင်ပြည်နယ်တွင်း မူဆလင်များ အစုလိုက် သတ်ဖြတ်ခံရမှုများနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့များ၊ ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များအား Ansar Burney Trust က စွပ်စွဲလိုက်သည်။

“အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီး တပ်တွေ ဖြန့်လွှတ်ထားတာဟာ ဆူပူထကြွမှုတွေကို ချေမှုန်းဖို့နဲ့မော့စ်နဲ့ဘုန်းတော်ကြီးကျောင်းတွေ နှစ်ခုလုံးကို ကာကွယ်ပေးဖို့ ပါတယ်။ ဒါပေမယ့် မူဆလင်များနဲ့ ပလီတွေကို တိုက်ခိုက်မှုတွေဟာ အစိုးရနဲ့ စစ်တပ် ထီးရိပ်အောက်ကနေ ဆက်လက်ဖြစ်ပေါ်နေဆဲပါ” ဟု Ansar Burney က ဆိုသည်။

ပါကစ္စတန် မူဆလင်အဖွဲ့ချုပ် PML-Q၊ Jamaat-e-Islami (JI)ပါတီတို့ကလည်း မြန်မာနိုင်ငံတွင်း မူဆလင် သတ်ဖြတ် ခံရမှုများကို ကန့်ကွက်ရှုတ်ချကြကာ ကုလသမဂ္ဂနှင့် အစ္စလာမ်ကွန်ဖရင့်(OIC)တို့သို့ အရေးယူဆောင်ရွက်မှုများပြုရန်တောင်းဆိုထားကြသည်။ JI ပါတီ ခေါင်းဆောင် Munawar ကလည်း မြန်မာပြည် မူဆလင်အရေး ဆွေးနွေးရန်အတွက် ပါကစ္စတန်အစိုးရအား အထွေထွေညီလာခံ ခေါ်ဆိုပေးရန် တောင်းဆိုထားသည်။

ပါကစ္စတန် ကျောင်းသူများ သမဂ္ဂတခုဖြစ်သည့် Islami Jamiat-e-Talbat (IJT) ၏ ခေါင်းဆောင် Nazima Ayesha က သတင်းထောက်များအား သောကြာနေ့က ပြောဆိုရာတွင် ၅၂ နိုင်ငံသော မူဆလင်ကမ္ဘာ၏ ရဲတိုက်ကြီး တခုသဖွယ် ဖြစ်သည့် ပါကစ္စတန်အနေဖြင့် မြန်မာပြည်အတွင်း ဤကဲ့သို့ မူဆလင်များအား ရက်ရက်စက်စက် သတ်ဖြတ်နေမှု ကိစ္စမျိုးများကို သုတ်သင်ပစ်ရန် ကမ္ဘာ့အသိုင်းအဝိုင်းနှင့်အတူတကွ လက်တွဲကာ မိမိအခန်းကဏ္ဍ ကိုလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သင့်ကြောင်း ပြောဆိုသွားသည်။

အဆိုပါ မြန်မာပြည်အရေးနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် ဇူလိုင်လ ၂ဝ ရက်နေ့က Pakistan Sunni Tehrik (PST) ပါတီ ဦးဆောင်သည့် ချီတက်ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြသည်။

ကုလသမဂ္ဂဆိုင်ရာ အီရန်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် Mohammad Khazaee ကလည်း အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ စာရေးသားကာ မြန်မာပြည်အတွင်း မူဆလင် သတ်ဖြတ်မှုများ ရပ်တန့်သွားရန်အတွက် အလျှင်အမြန် အရေးယူ ဆောင်ရွက်မှုများပြုရန် စနေနေ့က တောင်းဆိုထားသည်။

အာဖဂန်နစ္စတန်ရှိ တာလီဘန်မျာကလည်း မြန်မာပြည်အတွင်း မူဆလင်များ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုကိုပြင်းထန်စွာ ရှုတ်ချထားပြီး ထိုသတ်ဖြတ်မှုများ ရပ်တန့်စေရန်အတွက် ကမ္ဘာကြီးမှ ချက်ချင်း လုပ်ဆောင်မှုများ ပြုကြရန်တောင်းဆိုထားသည်။

“မြန်မာ(အစိုးရ) သိထားဖို့လိုတာက မူဆလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုတာ တိုင်းပြည်တခုတည်းမှာ တင် ဖြစ်တဲ့ ရာဇဝတ်မှု တခုမျှသာ မဟုတ်ဘဲ ခွင့်လွှတ်လို့ မရနိုင်တဲ့ လူသားမျိုးနွယ်ဆန့်ကျင်ရေး အထူးသဖြင့် မူဆလင်ကမ္ဘာကို ဆန့်ကျင်ရေး ဖြစ်နေတယ်ဆိုတာပဲ” ဟု တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid က ဆိုသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၏ သောကြာနေ့ အစီရင်ချက်တခုတွင် “အရေးပေါ်အခြေအနေကြေညာပြီးနောက် သီတင်းပါတ် ခြောက်ပါတ် ကြာသည်အထိ လူမျိုးရေးအကြမ်းဖက်မှုများ မြန်မာပြည် အနောက် ဖက်ခြမ်းတွင် ဆက်ဖြစ်ပွားလျက် ရှိသည်။ လူနည်းစု မူဆလင် ရိုဟင်ဂျာများအား ဦးတည်ပြီး ရိုက်နှက်မှု၊ အဓမ္မပြုကျင့် မှုနှင့် သတ်ဖြတ်မှုများဖြစ်သည်” ဟု ပါရှိလာပြီးနောက် ထိုသို့ မူဆလင်ကမ္ဘာ၏ မြန်မာအစိုးရအပေါ် ဝေဖန်မှုများ ပိုမိုပြင်းထန်လာခြင်း ဖြစ်သည်။

ထို့ပြင် တူရကီ NGO တခုဖြစ်သည့် လူသားချင်းစာနာမှုအကူအညီ ဖောင်ဒေးရှင် (YHH)၏ ဇူလိုင် ၂ဝ ရက်နေ့ထုတ် အစီရင်ခံစာအရ ရခိုင်ပြည်နယ်အတွင်း ဇွန်လတွင်း စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ရိုဟင်ဂျာ မူဆလင် ၁,ဝဝဝ ကျော် သေဆုံးခဲ့ရပြီး ၉ဝ,ဝဝဝ ကျော် အိုးအိမ်မဲ့ ဖြစ်ကျန်ခဲ့ရကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။

သို့သော် မြန်မာအစိုးရ တရားဝင်ထုတ်ပြန်ချက်များအရ ဇွန်လ ၁၄ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၅ဝ ဦး ရှိခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် ထပ်မံဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် ၁၂ ဦး ထပ်မံသေဆုံး ခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်း မေလကုန်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက် မတရားမှုများကို အစိုးရမှ စုံစမ်းရေးကော်မရှင် ဖွဲ့၍ စစ်ဆေးခဲ့ရာ ဖော်ထုတ် ရရှိချက်များကို ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

မေလ ၂၈ ရက်နေ့မှ ရမ်းဗြဲမြို့နယ်မှ မသီတာထွေး အား အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့မှု၊ ဇွန်လ ၃ ရက်နေ့ကတောင်ကုန်မြို့နယ်တွင် မူဆလင် ၁၀ ဦးအား သတ်ဖြတ်ခဲ့မှုနှင့် ဇွန်လ ၃ ရက်နေ့က စစ်တွေမြို့ အမှတ်(၁)ရဲစခန်း တိုက်ခိုက်ခံရမှုတို့ကို ဖော်ထုတ်ပြီး ဖမ်းဆီးအရေးယူ အပြစ်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း ၁၆ ဦးပါ စုံစမ်းရေးအဖွဲ့ကကြေညာထားသည်။


Monday, 23 July 2012

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော်၏ ရခိုင်အရေးအပေါ် လေ့လာသုံးသပ်၍ ထုတ်ပြန်ကြေငြာချက်နဲ့ ရခိုင်လူမျိုးတို့ အား..ဘင်္ဂလီ မူဆလင်များ၏ ခြိမ်းခြောက်မှုများ

Monday, 23 July 2012 09:58
Written by အရှင်ဝီရသူ
Description: Masoeyein_00987
*“ဝီရသူသဘောထား၇/၇၄”*
*အရှင်ဝီရသူ၊ဇူလိုင်၂၁၊၂၀၁၂*
 ၁၃၇၄-ခုဒုတိယဝါဆိုလဆန်း(၇)၂၀-၇-၂၀၁၂-သောကြာနေ့
*မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးခင်းနှင့် ပက်သက်၍ မန္တလေးမြို့၊မစိုးရိမ်တိုက်သစ်၊ဓမ္မသဟာယကျောင်းနာယက
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ.အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာ အပ်ပါ သည်။
*(က)*    ၈-၆-၂၀၁၂-ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင်တစ်ပြိုင်တည်းဖြစ်ပွားခဲ့သော အရေးခင်းသည် ရခိုင်ကုလား အဓိကရုဏ်းလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့ အကြားဖြစ်ပွားသော ဘာသာရေးပဋိပက္ခ လည်းမဟုတ်ပါ။ အမှန်အားဖြင့် အစွန်းရောက် အစ္စလာမ်ဘာသာဝင် စစ်သွေးကြွများ ယုံကြည်လက်ခံထားသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။
*(ခ)* ၃-၆-၂၀၁၂-မှ၈-၆-၂၀၁၂-အထိရက်ပိုင်းအတွင်းသာကြာလိုက်သော တောင်ကုတ်အရေးအခင်းကို အကြောင်းပြု၍ မောတော၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော အရေးခင်းကို လူမျိုးရေး အဓိကရုဏ်းဟု ဆိုဖွယ်ရှိသော်လည်း အကြမ်းဖက် ဘင်္ဂါလီကုလားများသည် ဟိန္ဒူလူမျိုးစုတို့၏ အသက်အိုးအိမ် စည်းစိမ်ကိုပါ ပြောင်ပြောင်တင်းတင်း ပစ်မှတ်ထား၍ ကျူးကျော်တိုက်ခိုက်ကြသည်ကို တွေ့ရသောကြောင့် ရခိုင်-ကုလားလူမျိုးရေးအဓိကရုဏ်းမဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။ မှန်ပါသည်။ ဘင်္ဂါလီကုလားများကို ကာယကံ ဝစီကံတို့ဖြင့် မည်သို့မျှ စော်ကားပြစ်မှားခြင်း မရှိခဲ့သောဟိန္ဒူလူမျိုးများကိုပါ ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းကြောင့် ရခိုင်-ကုလား လူမျိုးရေးအဓိကရုဏ်း မဟုတ်မှန်းသိသာ ထင်ရှားပေသည်။
*(ဂ)*အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် သောင်းကျန်းသူ ဘင်္ဂါလီကုလားများသည် ဗုဒ္ဓရုပ်ပွားတော်၏ မျက်နှာတော်ကို ကျဆုံးသူ ရခိုင်သွေးဖြင့် သုတ်လိမ်းသွားခြင်း၊ ကျောက်ဆင်းတုများ၏ ဦးခေါင်းတော်ကို ဖြတ်တောက်သွားခြင်း၊ ကြေးဆင်းတုတော်များကို မီးတိုက်ခြင်း၊ နားရွက်တော်ကို ဓားဖြင့်ခုတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးများကို သတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ခြင်းစသည့် အဓမ္မလုပ်ရပ်များကို ကြည့်လျှင်ဘာသာရေးပဋိပက္ခဟု ထင်ရဖွယ်ရှိသော်လည်း အကြမ်းဖက်ဘင်္ဂါလီကုလားများသည် နစက ရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ရဲစခန်းဝင်စီး၍ လက်နက်လုခြင်း၊ ပြည်ပမှလက်နက်များ စုဆောင်းထားခြင်းများ ပြုလုပ်လာကြသောကြောင့် ဘာသာရေးပဋိပက္ခ မဟုတ်ဟုဆိုခြင်းဖြစ်ပါသည်။
*(ဃ)* အမှန်အားဖြင့် ရခိုင်အရေးခင်းသည် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့တို့ကို အပိုင်ကြံသော ရခိုင်ပြည်သိမ်းတိုက်ပွဲ (သို့မဟုတ်) အစ္စလာမ်မစ်စတိတ် ထူထောင်လိုသော ဂျီဟတ်ဝါဒီ ဘင်္ဂါလီအကြမ်းဖက် စစ်သွေးကြွများဆင်နွှဲသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။ ဂျီးဟတ်စစ်ပွဲဖြစ်ကြောင်း ရခိုင်ပြည်သူများ သိမ်းဆည်းရမိသော အချက်အလက်များ၊ ဘင်္ဂါလီကုလားများ၏ မျှော်စင်ဗလီပေါ်မှ အသံချဲ့စက်ဖြင့် ပြိုင်တူအမိန့်ပေးသော စကားများ၊ မော်လဝီဆိုသူ ခေါင်းဆောင်များ၏ ပြောစကားများ၊ ထောင်သောင်းချီ၍ ချီတက်လာသော ကုလားအုပ်ကြီး၏ တပ်လှန့်ကြွေးကြော်သံများကိုကြည့်က သိနိုင်ပါသည်။ ထို့ကြောင့် ရခိုင်အရေးခင်းသည် အများပြည်သူများ ထင်ထားသလို လူမျိုးရေး အဓိကရုဏ်းလည်း မဟုတ်ပါ။ ဘာသာရေးပဋိပက္ခလည်းမဟုတ်ပါ။ အစ္စလာမ်မစ်စတိတ်ထူထောင်ချင်သော စစ်သွေးကြွ အကြမ်းဖက်ဘင်္ဂါလီကုလားများ၏ ဂျီဟတ်စစ်ပွဲသာ ဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။
*(င)*      ရခိုင်အရေးခင်း၌ အဓိကတာဝန်ရှိသော နစကကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးနှင့် တပ်ဖွဲ့ဝင်တို့၏ ပေါ့လျော့မှု၊ ညံ့ဖျင်းမှု၊ သစ္စာဖောက်မှုတို့ကြောင့် ရခိုင်ပြည်သူများသည် သွေးဆာနေသော လူရမ်းကားအကြမ်းဖက်သမားများ၏ ဒဏ်ကို ခါးစီးခံခဲ့ရခြင်းဖြစ်ပါသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်အတွက်သာ မဟုတ်ဘဲ မြန်မာတစ်ပြည်လုံးအတွက်ပါ အရေးပါသော ရခိုင်ခံတပ်ခေါ် ပြည်ထောင်စု တံခါးကြီး လုံခြုံရေးအတွက် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် အပြည်အဝရှိသော ဝန်ထမ်းကောင်းများ ကိုသာ ရွေးချယ်ခန့်ထားဖို့ လိုကြောင်းနှင့် ရခိုင်ပြည်လုံခြုံရေး၊ အမျိုးသားလုံခြုံရေး၊ တိုင်းရင်းသားနှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်တို့ လုံခြုံရေးအတွက် စိတ်ချယုံကြည်လောက်သော အစီအမံကောင်းများ စီစဉ်ပေးဖို့ လိုအပ်ပါသည်။
*(စ)*     ဒုက္ခသည် စခန်းများ၌ မီးလောင်အဖျက်ဆီးခံရသော ရခိုင်ပြည်သူများ၊ အထူးသဖြင့် သေဆုံးသွားသူတို့၏ မိသားစုများ စိတ်ဓာတ်ခွန်အား ပြည့်ဝစေဖို့ စိတ်ဓာတ်မြှင့်တင်ပေးရန် အထူးလိုအပ်လှပါသည်။
*(ဆ)*    ရခိုင်ပြည်သူများတွင် ကုလားမရှိသော မြို့ရွာများမှာသာ နေလိုကြသူများ၊ လုံခြုံရေး အပြည့်အဝပေးလျှင် ရွာပြန်နေမည်၊ အားကိုးရလောက်သည့် လုံခြုံရေး
မပေးနိုင်လျှင် လုံးဝပြန်မနေလိုကြသူများ၊ မိဘများခေါင်းချသွားရာ အရပ်မှာပဲ သေချင်သေပါစေ ပြန်နေပါမည် ဆိုသူများရှိရာ အစိုးရအနေဖြင့် တိုင်းရင်းသားစစ် ရင်သွေးစစ်များ၏ ဆန္ဒကို မိခင်စိတ်အပြည့်အဝထား၍ ဖြည့်ဆည်းပေးဖို့လိုအပ်ပါသည်။
*(ဇ)*      ကုလားရွာများကြားတွင် ပိတ်မိနေသော ရခိုင်ရွာများ၊ နတလရွာများတွင် ပြည်သူများသည် အပြင်လည်းအထွက်ရဲ၊ မြို့လည်းမတက်ရဲဘဲ ရိက္ခာပြတ်လပ်နေသော ဒုက္ခသည် စာရင်းမဝင်သော ဒုက္ခသည်များ ဖြစ်နေကြပါသည်။ အစိုးရ၏ အထောက်ပံ့ကိုလည်း မရ၊ NGO-တို့၏ အထောက်ပံ့ကိုလည်း မရ၊ မည်သည့်အထောက်ပံ့ကိုမျှ မရလျှင် ရေရှည်ရပ်တည်ဖို့ ခဲယဉ်းနေသော ထိုကျေးရွာများအတွက် ထည့်၍စဉ်းစား စီစဉ်ပေးဖို့လိုပါသည်။
*(ဈ)*      ဟိန္ဒူလူမျိုးများသည် ဘင်္ဂါလီမူဆလင်ကုလားတို့၏ ပစ်မှတ်ထားတိုက်ခိုက်မှုကိုလည်း ခံရ၊ တိုင်းရင်းသားမဟုတ်၍ ပစ်ပယ်မှုကိုလည်း ခံနေရပါသည်။ အချို့ဟန္ဒူလူမျိုးများမှာ မူဆလင်ကုလားများနှင့် ရောကာရွှေ့ပြောင်းခံရသည်ကို တွေ့ရပါသည်။ နွားကိုးကွယ်သူနှင့် နွားသတ်သူတို့ကို အတူယှဉ်တွဲထားပါက အင်းအားနည်းသည့် ဟိန္ဒူလူမျိုးတို့သာ အနိုင်ကျင့်ခံရမည်
ဖြစ်ပါသည်။ ထို့ကြောင့် ကုလားများနှင့် ရောပါသွားသော ဟိန္ဒူလူမျိုးများကို အမြန်ဆုံးခေါ်ထုတ်ဖို့ လိုအပ်ကြောင်းနှင့် ဟိန္ဒူလူမျိုးတို့၏ ဒုက္ခကို တိုင်းရင်းသားတို့၏ ဒုက္ခလိုသဘောထားပြီး အလျင်အမြန် ကယ်တင်ဖို့အကြောင်းသိစေအပ်ပါသည်။
*(ည)* ကျေးရွာများပြန်လည်တည်ဆောက်ရာတွင် လူနေအိမ်များကိုသာ စနစ်တကျ မြေပုံကြမ်းဆွဲ၍ တည်ဆောက်ဖို့ပြင်ဆင်နေသော်လည်း မီးရှို့ခံရသော ဘုန်းတော်ကြီးကျောင်းများအတွက် မည်သည့်လုပ်ဆောင်ချက်၊ ပြောဆိုချက်ကိုမျှ အတွေ့ရှိရသေးပါ။ ဝါဆိုဖို့နီးကပ်နေသော်လည်း ဒုက္ခသည်ဘုန်းတော်ကြီးများ၏ အနာဂတ်မရေရာ အသေချာ သေးပါ။
            ထို့ကြောင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးဖို့ အထူးလိုအပ်လှပါသည်။
*(ဋ)* UN-လက်အောက်ခံ NGO-များ INGO-များသည် ကုလားရွာများအတွက်သာ ငွေကြေးသုံးစွဲနေပြီး ရခိုင်ပြည်သူတို့ အရေးကို အနည်းငယ်မျှပင် ထည့်သွင်း စဉ်းစားမှု မရှိပါ။ အကြမ်းဖက် အစွန်းရောက်များသည် UN-လက်အောက်ခံ အဖွဲ့စည်းများကို အသုံးချကာ ဂျီဟတ်စစ်ပွဲကို ဆင်နွှဲသွားခဲ့ကြသောကြောင့် UN-လက်အောက်ခံ အဖွဲ့အစည်းများကိုယ်တိုင် လူမိုက်အားပေးလုပ်နေခြင်း၊ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူအရေးကို ပစ်ပယ်ထားခြင်း၊ တရားမျှတမှုမရှိခြင်းကိုတွေ့မြင်ခဲ့ရပေသည်။
            ထို့ကြောင့် တရားမျှတမှုမရှိသော၊ လူမိုက်အားပေးလုပ်နေသော UN-လက်အောက်ခံ အဖွဲ့အစည်းများကို ပြင်းထန်စွာ ရှုတ်ချအပ်ပါသည်။
*(ဌ)*ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူမြင်ကောင်းအောင် ဘင်္ဂါလီဒုက္ခသည်များကို လက်မခံဘဲ ဟန်ဆောင်လုပ်ပြနေသော်လည်း ရခိုင်အရေးခင်းတွင် အဓိကတရားခံများဖြစ်သော ရိုဟင်ဂျာဆိုသူစစ်သွေးကြွများကိုတိတ်တစ်ဆိတ်လက်ခံဝှက်ထားပေးနေသည်ဟုရခိုင်ပြည်သူတို့သည့်မြင်ခံစားနေရပါသည်။
   ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်းကောင်းပီသစွာ အစွန်းရောက် အကြမ်းဖက်သမားများကို နှိမ်နှင်းဖို့ အတွက်- မြန်မာအစိုးရနဲ့ရော ရခိုင်ပြည်သူများနှင့်ပါ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါသည်။
*(ဍ)*ရခိုင်ကို အပိုင်သိမ်းဖို့ ကြံစည်သော အစွန်းရောက်စစ်သွေးကြွတို့၏ ဂျီဟတ်စစ်ပွဲကို ထောက်ခံအားပေးသော မည်သည့်မူဆလင်ကို မဆို ရန်သူအဖြစ် သတ်မှတ်ပါသည်၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ်စီးပွားကိုယ်ရှာ၊ ကိုယ့်တရားနှင့်ကိုယ်၊ ကိုယ့်မိသားစုနှင့်ကိုယ် အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာ ကိုယ်ချမ်းသာနေလိုသော မည်သည့်မူဆလင်ကို မဆိုမိတ်ဆွေအပြစ်သက်မှတ်ပြီးလက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။
    ထို့ကြောင့် ဂျီဟတ်စစ်ပွဲ ဆင်နွှဲသော တိရစ္ဆာန်များလို၊ မင်းမဲ့တိုင်းပြည်လို အုပ်စုဖွဲ့အနိုင်ကျင့်မှုများ ပြုလုပ်ခဲ့သော ဘင်္ဂါလီအကြမ်းဖက်သမား လူရမ်းကားများနှင့် အဆက်အသွယ်ရှိခဲ့သူများ၊ အဆက်အသွယ်ရှိနေသူများ အဆက်အသွယ် ဖြတ်တောက်ဖို့ သတိပေးအပ်ပါသည်။
*(ဎ) မြန်မာအစိုးရအနေဖြင့် ၁၉၄၂-ပုံစံမျိုးဖြင့် နယ်ချဲ့ကျူးကျော်ကာ ရခိုင်ပြည်သိမ်းတိုက်ပွဲ (သို့မဟုတ်) ဂျီဟတ်စစ်ပွဲကို တစ်ဖက်သတ် ဦးဆောင်ဆင်နွှဲလာသော ရိုဟင်ဂျာဆိုသူ နာမည်သူခိုး ဖိုးတွန်တီးများဖြစ်ကြသော နယ်မြေဓားပြ အကြီးစားတို့အား ထိရောက်စွာ အရေးယူဖို့လိုသလို၊ရခိုင်တံခါးလုံခြုံရေးနှင့် လူအုပ်ဖြင့် အနိုင်ကျင့်မှုပပျောက်ရေး၊ရခိုင်ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို အဓိကထားဆောင်ရွက်ရမည့် အပြင်အချုပ်အခြာအာဏာကို ကျူးကျော်စော်ကားလာသူမှန်သမျှကိုမည်သည့်ဖိအားပေးမှုကိုမျှဂရုမစိုက်ဘဲခုခံကာကွယ်ဖို့လိုကြောင်း အသိပေးအပ်ပါသည်။
*(ဏ)“ရခိုင်များအား ဘင်္ဂါလီမူဆလင်များ၏ခြိမ်းခြောက်မှုများ”*
            ၁။ ရခိုင်များ နောက်ထပ် နှစ်လသာထမင်းစားနှင့်ကြ၊ ဗမာများပြန်လျှင်
နင်တို့အသားကို ငါတို့စားမည်။
            ၂။ ဒီနေရာကို ငါတို့ပိုင်သွားပြီဆိုတာ မသိဘူးလား။
            ၃။ ငါတို့ကို ကမ္ဘာကကူညီနေတာ မသိဘူးလား။
            ၄။ ကမ္ဘာမှာ ငါတို့အမျိုးတွေ(လူမျိုးတွေ)အများကြီးရှိတယ်။
နင်တို့မှ မရှိဘူး။
            ၅။ နင်တို့မှာ သွားစရာသေလမ်းသာ ရှိတယ်။ ထမင်းဝဝစားထားကြ။
            ၆။ ဗမာအစိုးရကို ငါတို့ဝယ်ထားပြီ။
            ၇။ ဆော်ဒီမှာ ဗမာသံရုံးကို ငါတို့ကလစဉ်ပေးထားတာ၊
နင်တို့ပေးနိုင်သလား။
            ၈။ ငါတို့နောက်မှာ ကမ္ဘာကကူညီနေတယ်။
            ၉။ UN-ဟာ ငါတို့မိတ်ဆွေ၊ အမေရိကမှာ ငါတို့သမ္မတ အုပ်ချုပ်နေတယ်။
            ၁၀။ နင်တို့ ပါးစပ်ပိတ်ထားကြ။
            ၁၁။ နင်တို့မိန်းမများ ငါတို့ကို အားကိုးစေရမည်။
            ၁၂။ ရခိုင်များသေဖို့ပြင်ထား။
            ၁၃။ ဗမာပြည်လည်း ငါတို့လူအုပ်ချုပ်မယ်။
            ၁၄။ နင်တို့မြေနဲ့ နင်တို့ပစ္စည်းထားခဲ့။ အခုထွက်သွားကြ။
            ၁၅။ မသေချင်ပြန်မလာကြနဲ့။
            ၁၆။ နောက်ထက် ဒီမြေမှာ မင်းတို့လုံးဝ မနေစေရ။
            ၁၇။ အလ္လာဝဂ်ကဘာ၊ အလ္လာဝဂ်ကဘာ၊(အလ္လာသခင်သာ အကြီးမြတ်ဆုံး)
                အလ္လာ-ဘီစတိုဘာ၊ အလ္လာ-ဘီစတိုဘာ(အလ္လာသခင် ကောင်းချီးပေးပါ)
            ၁၈။ နိုင်ငံခြားမှာ စစ်သင်တန်းတက်ထားတဲ့ ငါတို့လူတွေရောက်နေတာ မသိဘူးလား။
            ၁၉။ နိုင်ငံခြားက ငါတို့အမျိုး (၅၀၀) စစ်သင်တန်း ဆင်းလာတာမသိဘူးလား။
            ၂၀။ ဒီနေရာကို ပြန်လာရဲလျှင် လာကြည့်။
            ၂၁။ ငါတို့မှာ ချမ်းသာတဲ့မူဆလင်နိုင်ငံတွေ အများကြီးရှိတာ မသိဘူးလား။
            ၂၂။ နင်တို့ဘာအားကိုးရှိလို့ ငါတို့ကို နှင်ထုတ်မှာလဲ။
            ၂၃။ ဗမာအစိုးရလည်း ငါတို့ဘက်က။
            ၂၄။ ဆော်ဒီဗမာသံရုံးဟာ ငါတို့ငွေကိုယူထားတာ။
            ၂၅။ အားလုံးမှာ ငါတို့ငွေတွေ။
            ၂၆။ မင်းတို့မှာ ဘာရှိလို့လဲ။
            ၂၇။ ဗမာပြည်ကို ငါတို့အုပ်ချုပ်မှာ နင်တို့ကို အရှင်မထားဘူး။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မန္တလေး။
Email-wirathu2012@gmail.com
ဇူလိုင် ၂၀၊ ၂၀၁၂
*(နိုင်ငံတကာသတင်းများတွင် အီရန်ကဲ့သို့သော နိုင်ငံများ၊ ဘာသာရေး အစွန်းရောက် အဖွဲ့များနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ ကိုယ်တိုင်က မြန်မာပြည်တွင် မူဆလင် ဘာသာဝင်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ် မျိုးတုံးနေပြီဟု သတင်းထုတ်ပြန်ခြင်း၊ ကန့်ကွက်မှုများ ပြုလုပ်နေခြင်းတို့ကြောင့် ပြည်တွင်းမှ အများသူငှာ ပြည်သူတို့ လေးစား ယုံကြည်မှု ရှိသူ လူ၊ ပုဂ္ဂိုလ်တို့၏
မိမိဂုဏ်သိက္ခာ အမည်နာမကို တာဝန်ယူ ဖော်ထုတ်ပြီး သဘောထားပြောဆိုချက်တို့ကိုလည်း သိရှိနိုင်စေရန် အရှင်ဝီရသူ၏ သဘောထားကို မူရင်းအတိုင်း မိုးမခမီဒီယာက ထုတ်ပြန်လိုက်သည်။ မိမိတို့၏ သဘောထားမှာလည်း ဒေသဆိုင်ရာ အကြမ်းဖက်မှု အဓိကရုဏ်း၊ ပဋိပက္ခကြီးအဖြစ် ရှုမြင်ပါသည်။ ရခိုင်ဒေသခံများ၊ နယ်စပ်ဒေသက ဘင်ဂါလီလူမျိုးစုများ၊ ဗုဒ္ဓဘာသာ၊ ဟိဒ္ဒူဘာသာ၊
မူဆလင်ဘာသာ၊ ခရစ်ယာန် ဘာသာဝင်များ အားလုံး ထိခိုက်ခံစားနေရသော အရေးအခင်း တခုအဖြစ် မြင်ပါသည်။ ရိုဟင်ဂျာဆိုသည့် အငြင်းပွားဖွယ်ရာ စကားရပ် အသုံးအနှုန်းကို မိုးမခမီဒီယာက လက်ခံခြင်းမရှိပါ။ မိုးမခမီဒီယာ)*