Thursday, 2 August 2012

သည်းခံခြင်း


သည်းခံခြင်း
အမေရိကန်လူမျိုးများသည် ရေးကြီးသုတ်ပြာ နိုင်ကြပါသည်. . . အခြားနိုင်ငံသားများက ရေးကြီသုတ်ပြာ နိုင်မှုကို အမေရိကန်လူမျိုးတို့၏ ထူးခြား လက္ခဏာ တစ်ခုအဖြစ် သဘောထားကြပါသည်. . . အခြားနိုင်ငံသားများက မြင်သောအမြင်မှာ မှန်ကန်ပါသည်. . . အမေရိကန်တို့သည် အောင်ပန်းဆင်နိုင်ဖို့အတွက် သွက်လက်စွာ လှုပ်ရှားကြပါသည်. . . ထိုအချက်သည်. . ကျွန်ုပ်တို့အတွက် တွန်းအားဖြစ်ပါသည်. . ထိုတွန်းအားသည် အမေရိကန် လူမျိုးများ၏ အကြီးမားဆုံးသော အင်အားဖြစ်ပါသည်...

အခြားတစ်ဖက်မှ ပြန်ကြည့်လျှင် လက်တွေ့ကျကျ ချက်ခြင်း အရေးယူဆောင်ရွက်တတ်သော အလေ့အကျင့် အင်အားသည် အားနည်းချက်လည်း ဖြစ်နိုင်ပါသည်. . ချက်ခြင်း လုပ်ရမှ ကျေနပ်သော အလေ့အကျင့်ကြောင့် သည်းမခံနိုင်သော လူမျိုးဟု အများစုက ယူဆလာကြပါသည်. . .

စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရာတွင်လည်း အလားတူ အကျိုးရလဒ်များ ကြုံတွေ့ခဲ့ရပါသည်. . . လုပ်ငန်းသဘောတူချက်ကို အခု လက်မှတ်ထိုး အခု ချက်ခြင်း စတင်အကောင်အထည် ဖော်စေချင်ပါသည်. . . ချက်ခြင်း လုပ်ချင်သော သဘောက ဦးဆောင်လွန်းသည့်အတွက် လုပ်ငန်း လုပ်ကိုင်ရန် စဉ်းစားဖို့အချိန်မယူသော အခြေအနေများ မကြာခဏ ကြုံတွေ့ကြရပါသည်. . . အလုပ်လုပ်ရာတွင် မြန်မြန်ဆန်ဆန် ရေးကြီးသုတ်ပြာလုပ်ခြင်မှုများ သည်းမခံနိုင်မှုများကြောင့် အလုပ်တစ်ခု မလုပ်မီ သေသေချာချာ ချင့်ချိန် ပြုမူလိုသော လူအများ ရနိုင်သည့် အခွင့်အရေးများကို ဘေးဖယ်ထားရာ ရောက်နေပါသည်. . . .

သည်းခံနိုင်စွမ်းသည် သတ္တိ တစ်မျိုးပင်ဖြစ်သည်. . . . သည်းခံနိုင်ခြင်းမှာ ရည်မှန်းချက် ပြည့်ဝရေးအတွက် ဖြည့်ဆည်းပေးနိုင်သော . သတ္တိထူး တစ်မျိုးပင်ဖြစ်သည်... သည်းခံနိုင်မှုသည် သင်ပြုပြင်ပြောင်းလဲနိုင်သည်ကို ပြုပြင်နိုင်သော စွမ်းရည် လဲ ဖြစ်ပါသည်. . . ကွဲပြားခြားနားချက်ကို သိမြင်နိုင်စွမ်းသာ အသိဥာဏ်လည်း ဖြစ်ပါသည်. . . ဘ၀တွင် မျှော်မှန်းထားသော ရည်မှန်းချက်များကို ပြည့်ဝ အောင် ဖြ့ည်ဆည်းလိုသော ဆန္ဒလေးနက်လေလေ ၊ အခက်အခဲများကို ရင်ဆိုင် ဖြေရှင်းနိုင်ဖို့အတွက် သည်းခံဖို့ ပိုလိုလာလေဖြစ်သည်. .

သည်းခံမှုဆိုသည်မှာ လှုပ်ရှားသည့် သဘောသက်ဝင်ပါသည်. . . ငြိမ်သက်နေသည့်သဘောမဟုတ်ပါ. . . တက်ကြွသည့် သဘောရှိပါသည်. . . တွေ့ကြုံလာသည့်အခြေအနေကို ငြိမ်ခံနေသည့်သဘောမဟုတ်ပါ. . . . ကိုယ်ကြမ္မာကိုယ် ဖန်တီးဦးစီးဆောင်နိုင်ဖို့အတွက် အပြုသဘော ဆောင်သော တွန်းအား တစ်မျိုးဖြစ်ပါသည်. . . သည်းခံမှုသည် တစ်ခုတည်းသော ဘ၀ရည်မှန်းချက်ကို ဦးတည်လုပ်ပေးထားမှုနှင့် ကိုယ်တိုင် ဆင်ခြင် ထိန်းကျောင်းမှုတို့ အကျုံးဝင်ပါသည်. .

ကိုယ်လျှောက်လှမ်းနေရသည့် ဦးတည်ချက်ကို ကောင်းစွာ သိမြင်နေသောအခါ သင့်ရည်မှန်းချက်ပြည့်ဝရေးတွင် ကြုံတွေ့လာရသော အခက်အခဲများကို သည်းခံနိုင်စွမ်းရည် တိုးပွားလာပါသည်. . . သင့်အနေဖြင့် သင်မျှော်လင့်ထားသော ပန်းတိုင်သို့ ရောက်မည်ကို တိတိကျကျသိနေပါသည်. . လမ်းခရီးတွင် ကြုံတွေ့ရသော အခက်အခဲများမှာ ယာယီအနှောင့်အယှက် အဟန့်အတားအနေဖြင့်သာ မြင်လာပါသည်. . .

သည်းခံသော စိတ်ကို ဘယ်လိုမွေးမလဲ. . . . သင့်ဘ၀ရည်မှန်းချက်ကို တိတိကျကျ ဆုံးဖြတ်ချက်ချပြီးလျှင် သည်းခံနိုင်ဖို့ လွယ်ကူပါသည်. . ထိုရည်မှန်းချက်ပြည့်ဝဖို့အတွက် သင်၏ စိတ်ဆန္ဒတစ်ခုလုံးကို စူးစိုက်ထားပါ.် . . ရည်ရွယ်ချက် ပြည့်ဝဖို့အတွက် ပြင်းပြသော စိတ်ဆန္ဒကိုမွေးထားပါ. . . သင်၏ စဉ်းစားတွေးခေါ်မှု လုပ်ကိုင် လှုပ်ရှားမှုနှင့် ဆုတောင်းမှန်သမျှတို့သည်. . ထိုရည်မှန်းချက်ပြည့်ဝမှုအတွက်သာ ဦးတည်ထားခဲ့လျှင် သည်းခံသော စိတ်ကို မွေးရန် လွယ်ကူပါသည်. . .

သင့်ဘ၀တွင်လည်း အဓိကကျသော ဘ၀ပန်းတိုင်အပေါ် အာရုံစူးစိုက်ထားပါက. . . ထိုပန်းတိုင်ရဖို့အတွက် လိုအပ်သော သည်းခံစိတ်များ ဖြစ်ပေါ်တိုးတက်လာပါလိမ့်မည်. . . .

ဒေါက်တာသိန်းလွင်

ဘုရားအလောင်း သန္ဓေတည်ချိန်၌ မယ်တော်မာယာ အိပ်မက်မြင်ခြင်း

ဘုရားအလောင်း သန္ဓေတည်ချိန်၌ မယ်တော်မာယာ အိပ်မက်မြင်ခြင်း

ဝါဆိုလပြည့်နေ့၌ မယ်တော်မာယာသည် နံနက်စောစောကပင် အလှူဒါနကြီးကို လှူ၍ ဥပုသ်စောင့်သုံးပြီးလျှင် အသရေရှိသော တိုက်ခန်းသို့ ၀င်၍ သလွန်တော်၌ လျောင်းစက် အိပ်ပျော်စဉ် ထူးဆန်းသော အိပ်မကိကို မြင်သည်မှာ နတ်မင်းကြီး ၄ ပါးတို့သည် ဟိမ၀န္တာ၌ရှိသော ဆေး ဒန်း မြင်းသိလာ ကျောက်ဖျာ အပြင်သို့  သလွန်တော်နှင့် တကွဆောင်ယူ၍ အင်ကြင်းပင်ကြီးအောက်၌ ချထားကြလေသည်. . .
ထို့နောက် နတ်မိဖုရားတို့က အန၀တတ်အိုင်သို့ ဆောင်ယူ၍ ရေချိုးပေးပြီးလျှင် နတ်အ၀တ်များကို ဆင်ယင်စေပြီးမှ ငွေတောင်အတွင်ဿး၌ရှိသော ရွှေဗိမာန်သို့ သွင်း၍ အိပ်ရာ၌ အိပ်စေကြလေသည်။ ထိုအခါ ဘုရားအလောင်းသည် ဆင်ဖြူတော်ဖြစ်၍ သူ၏နေရာရွှေတောင်ပေါ်မှ သက်ဆင်းကာ ငွေတောင်သို့လာပြီးလျှင် ရွှေဗိမာန်သို့ ၀င်ပြီးနောက် မယ်တော်၏ လက်ယာနံပါးကို ဖောက်၍ ၀င်သကဲ့သို့ မြင်မက်လေသည်.
THE DREAM OF MAHA-MAYA WHEN SHE CONCEIVED THE FUTURE BUDDHA

Just one full moon day in the month of Wazo(July) Queen Maha-Maya rose early and dispensed huge sums of money in great charity. She then took the eight precepts and entered her elegantly furnished chamber of state. And lying down on the royal couch, she fell asleep and dreamed the following strange dream:-
The four guardian angels came and lifted her up, together with hear couch and took away to the Himalaya Mountains. There, in the Manosila table-land they laid her upon a huge slab of sulfurousl rock under a very bigh sal tree. Then came the wives of these guardian angles, and conducted her to Anotatta Lake, and bathed her to remve every human stain. And after clothing her with diving garments they took her into a goldern mansion which was inside a Silver Hill. There they laid her down upon a diving couch. Now the Furture Buddha had become a superb white elephant and was wandering about at no great distance on the Golden Hill. Descending thence, he ascended the Silver Hill and went into the golden mansion. And splitting her on her right side, he entered her womb. Thus the comcption took place.

အလောင်းတော်နတ်သားကို နတ်ဗြဟ္မာများက တုသိတာနတ်ပြည်မှ စုတေဘို့ရန်တောင်းပန်ခြင်း

အလောင်းတော်နတ်သားကို နတ်ဗြဟ္မာများက
တုသိတာနတ်ပြည်မှ စုတေဘို့ရန် တောင်းပန်ခြင်း

ဘုရားအလောင်းတော်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီကုသိုလ်များကို ဖြည့်ကျင့်၍ ဘုရားမဖြစ်မီ တစ်ဘ၀၌ တုသိတာနတ်ပြည်ဝယ်။သေတကေတု အမည်ရှိသော နတ်မင်းဖြစ်လေသည်။ ထိုနတ်မင်းသည် နတ်အသက်စေ့၍ စုတေဘို့ရန် အချိန်နီးလတ်သော် စကြာဝဋ္ဌာ ကမ္ဘာတစ်သောင်းမှ နတ်ဗြဟ္မာတို့သည် ဘုရားအလောင်းစံရာ တုသိတာနတ်ပြည်သို့ စုပေါင်းလာရောက်၍ တောင်းပန်ကြသည်မှာ----အရှင်နတ်သား အရှင်သည် လူနတ်စည်းစိမ်ကို ခံစားဘို့ရာ ပါရမီတို့ကို ခံစားဘို့ရာ ပါရမီတို့ကို ဖြည့်ကျင့် ခဲ့သည် မဟုတ်ပါ။ သတ္တ၀ါတို့ကို ကယ်တင်နိုင်သော ဘုရားဖြစ်ဖို့ရာ ဖြည့်ကျင့်ခဲ့ပါသည်။ယခုအခါ ဘုရားဖြစ် ရန် အချိန်တန်ပြီ ဖြစ်ပါ၍ နတ်ပြည်မှ စုတေပြီးလျှင် လူ့ပြည်၌ ပဋိသန္ဓေနေတည်နေတော်မူပါ ။ဤသို့ တောင်းပန်ကြသဖြင့် လူ့ပြည်၌ ပဋိသန္ဓေ နေဖို့ရန် ၀န်ခံတော်မူလေသည်။

THE HIGHER AND LOWER GODS BESEECHIN THE FUTURE BUDDHA TO LEAVE TUSITA HEAVEN TO BE REBORN AS A MAN

The Future Buddha fulfilled the Ten Perfection in his many existences over a period of four Incalculables (asankhayeyas) and one hundred thousand world. In one life before the life when he became the Buddha.he was born as one of the chief gods and know as "Setaketu" in the celestial city of the Tusita gods. When the span of his life there as a god was fast approaching its end, the higher and lower gods of all ten thousand worlds came into one place in Tusita heaven and approached the Future Buddha you fulfilled the ten Perfections; but it was to become a fully enlightened Buddha in order to save the world, that you fulfilled them. Sir, the time and fit seasons for your Buddha has now arrived. Be so good as to depart from the world of gods and take conception in the womb of a human mother in the world of men. The Great Being assented to their wish.

Wednesday, 1 August 2012

ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာ ပြဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် ထေရဝါဒ ဓမ္မကွန်ရက် ကို ရန်ကုန်တွင် ပြုလုပ်သွားမည်

ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် ထေရဝါဒ ဓမ္မကွန်ရက် ကို ရန်ကုန်တွင် ပြုလုပ်သွားမည်


ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာ ပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ်
"ထေရ၀ါဒ ဓမ္မကွန်ရက်" ကို ရန်ကုန်တွင် ပြုလုပ်သွားမည်

၁၂-သြဂုတ်-၂၀၁၂၊ ၁၃၇၄ ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်ကျော် (၁၀)ရက် တနင်္ဂနွေနေ့၊ နေ့လည် ၂း၀၀ နာရီတိတိ အချိန်တွင် ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် "ထေရ၀ါဒ ဓမ္မကွန်ရက်" ကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အာဇာနည်ဗိမာန်လမ်း၊ (ရွှေတိဂုံစေတီတော် အလယ်ပစ္စယာ၊ ရှင်သာမဏေ ဓမ္မဗိမာန်ဘေးလမ်း) မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက်၌ ပြုလုပ် ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။

           အဆိုပါ "ထေရ၀ါဒ ဓမ္မကွန်ရက်"ကို အမျိုး-ဘာသာ-သာသနာ ကာကွယ်စောင့်ရှောက် ပြန့်ပွားရေး လုပ် ငန်းစဉ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ (၁) ရည်ရွယ်ချက် ၊ ( ၂ ) လုပ်ငန်းစဉ် ၊ ( ၃ ) ဖြန့်ချီရေးစနစ် ၊ ( ၄ )  နှိုးဆော်ချက်၊ ( ၅ ) လက်တွေ့ဆောင်ရွက်ရန် လျာထားချက် ၊ ( ၆ ) ရန်ပုံငွေ ရှာဖွေစုဆောင်းခြင်း ဆိုတဲ့ အစီ အစဉ်တွေနဲ့ ပြုလုပ်သွားဖို့ ရှိပါတယ်။

ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာပြန်ဋ္ဌာန်းခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် "ထေရ၀ါဒ ဓမ္မကွန်ရက်"ကို ပြန်ပွားအောင်၊ တည်တံ့အောင်၊ ကြာရှည်အောင် ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ …..

(၁) သာသနာတော်အရေးကို ကြောင့်ကြစိုက် ဆောင်ရွက်နေကြသော အသင်း-အဖွဲ့များနှင့် သာသနာ အကျိုး ဆောင်ရွက်နေကြသော ရဟန်း-ရှင်-လူအများကွန်ရက်ပမာ ချိတ်ဆက်ကာဖြင့် သာသနာအရေး ဆောင် ရွက်ဖွယ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ကြရန်။

(၂) အသင်း-အဖွဲ့အသီးသီးက ဆောင်ရွက်လျက်ရှိသော သာသနာတော် သန့်ရှင်း-တည်တံ့-ပြန့်ပွားရေး လုပ်ငန်းများနှင့် သာသနာ့အကျိုး ဆောင်ရွက်မှုအခြေအနေများ၊အခက်အခဲများကို ၀ိုင်းဝန်းအကြံပြု၍ အတွေ့ အကြုံများ ဖလှယ်နိုင်ကြရန်။
(၃) အဓမ္မ၀ါဒများနှင့် သာသနာ့ အန္တရာယ်များကို ဖော်ထုတ်အသိပေးရန်နှင့် ဘာသာခြား သာသနာပြုများ ၏ ထိုးနှက်ချက်များကို ကာကွယ် တားဆီးနိုင်ကြစေရန်။
(၄) ထေရ၀ါဒ ပိဋကတ်တော်နှင့် ညီညွတ်သော ဓမ္မတရားတော်များ ပြန့်ပွားရေးစီမံချက်များ ဖော်ဆောင် ရန် ဖြစ်ပါတယ်။

လုပ်ငန်းစဉ်တွေ အနေနဲ့ကတော့ ……..ဘာသာ-သာသနာအကျိုး သယ်ပိုးနေကြသော အသင်းအဖွဲ့များ၊ အကျိုးဆောင်ပုဂ္ဂိုလ်များကို ဖိတ်ခေါ်စာ ဖြန့်ဝေပြီး၊ ပထမအကြိမ် အကြိုညှိနှိုင်း အစည်းအဝေးပွဲ ကျင်းပရန်၊ "ထေရ၀ါဒ ဓမ္မကွန်ရက်" ဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းရန်၊ ဖွဲ့စည်းပုံ (မူကြမ်း) ရေးဆွဲရန်၊ နာယကများ တင်မြှောက် ရန်၊ ကွန်ရက်တွင်ပါဝင်ချိတ်ဆက်မည့် အဖွဲ့များ စည်းရုံးဆက်သွယ်ရန်၊ မျက်မှောက်ခေတ် ဖြစ်ပွားနေသော အခြေအနေများနှင့် သိသင့်သည် သတင်း အချက်အလတ်များ၊ ဓမ္မဆောင်းပါများကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင် ရန်အတွက် "ထေရ၀ါဒမော်ကွန်း" ဓမ္မစာစဉ် ကို ကွန်ရက်အဖွဲ့များ၊ ပုဂ္ဂိုလ်များမှ တစ်ဆင့် လစဉ်ဖြန့်ချီရန် ဖြစ်ပါ တယ်။

လက်တွေ့တွင်လည်း အောက်ပါအချက်အလက်များကို ဆောင်ရွက်နိုင်ရန် "ထေရ၀ါဒ ဓမ္မကွန်ရက်" ဖြစ်မြောက်ရေး ကော်မတီများက လျာထားပါတယ်။
(၁) ထေရ၀ါဒ ဗုဒ္ဓသာသနာပြန့်ပွားရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲများ၊ နှီးနှော ဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများပြုလုပ်ရန်။
(၂) အဓမ္မ၀ါဒများ ဟောပြောဖြန့်ဝေခြင်း၊ ဘာသာခြား သာသနာပြုများ ထိုးနှက်တိုက်ခိုက်ခြင်း အခြေ အနေများကို သတင်းများ စုဆောင်းပေးပို့ရန်။
(၃) ဘာသာတွင်း သာသနာ့အန္တရာများနှင့် သာသနာတော်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းထိခိုက်စေမည့် (ရဟန်းတု၊ သာမဏေတု၊ သီလရှင်တုများ၏ စီးပွားရှာမှုများ၊ သိက္ခာပျက် ပုဂ္ဂိုလ်များ၏) လုပ်ရပ်များကို ဖော်ထုတ် တားဆီးရန်။ (သက်ဆိုင်ရာ တာဝန်ရှိသူများသို့ သတင်းပို့ အကူအညီရယူရန်)
(၄) သာသနာတော် သန့်ရှင်း-တည်တံ့၊ ပြန်ပွားရေးဆိုင်ရာ ဓမ္မစာဆောင် စာအုပ်များ ပြုစုထုတ်ဝေခြင်း၊ ရုပ်သံရိုက်ကူးခြင်း၊ မီဒီယာများမှ နှိုးဆော် အသိပေးခြင်းများပြုလုပ်ရန်။
(၅) သာသနာ့ အကျိုးဆောင် အရည်အချင်း မြှင့်တင်ရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ရန်။
(၆) မဖွံ့ဖြိုးသေးသော ဒေသများနှင့် တောင်တန်းနယ်ခြား သာသနာပြု ရဟန်းတော်များ၏ သာသနာပြု လုပ်ငန်းများတွင် နည်းစနစ်များ၊ ပစ္စည်းဝတ္ထု အင်အားများဖြင့် ကူညီထောက်ပံ့ လှူဒါန်းနိုင်ရန်ဖြစ်ကြောင်း "ထေရ ၀ါဒ ဓမ္မကွန်ရက်" ကော်မတီအဖွဲ့ဝင်များက ထုတ်ပြန် ကြေငြာထားပါသည်။

ယခုလို ဘာသာ-သာသနာကို ရွဲပြဲနေလို့ ပြုပြင်လိုသူများက ပြုပြင်ချင်ကြပေမယ့် ပြုပြင်လို့ ပြုပြင်ရ ကောင်းမှန်း မသိဘဲ ဘာသိဘာသာ နေတဲ့သူတွေနဲ့ ယနေ့မျက်မှောက်ခေတ် ကာလတွင် ဒီမိုကရေစီစနစ်အရ လွတ်လပ်စွာ ဟောပြော-ရေးသား-ကိုးကွယ်ခွင့်ကို အခွင့်အကောင်းယူကာ အဓမ္မ၀ါဒများနှင့် ဘာသာခြားသာ သနာပြုများ၏ ထိုးနှက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လျှက်ရှိပါသည်။ 

ထိုသာသနာ့ အန္တရာယ်များကို ကာကွယ်ရန် အတွက် စေတနာ - သဒ္ဓ္ဓါတူမျှ၍ ဘာသာသွေး နွေးထွေးကြကုန်သော ဒေသအသီးသီးမှ သာသနာ့အကျိုးဆောင် အသင်း-အဖွဲ့များ နှင့် တစ်ဦးချင်း စွမ်းဆောင်နိုင်သူများ စုပေါင်းကာ ကွန်ရက်ပမာ ချိတ်ဆက်ဆောင်ရွက်နိုင်မှ ပိုမိုထိရောက်စွာ စွမ်းဆောင်နိုင်မည့် သာသနာရေး ခံတပ်အင်းအားစုကြီးတစ်ခု ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမျိုး- ဘာသာ- သာသနာအရေး အားပေးဆောင်ရွက်လိုသူ အပေါင်းတို့သည် အောက်ဖော်ပြပါ အကျိုးဆောင်ပုဂ္ဂိုလ်များ ထံသို့ ဆက်သွယ်စုံစမ်း နိုင်ပါကြောင်း နှိုးဆော် ဖိတ်ခေါ်အပ်ပါသည်။

           (၁) မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက်၊ ဗဟန်းမြို့နယ်။ ဖုန်း-၀၁-၃၇၁၅၃၁၊ ၀၉-၈၆၂၃၀၁၃။
           (၂) မင်းဝေလွင်၊ အောင်မင်္ဂလာကျောင်းတိုက်၊ အလုံမြို့နယ်။ ဖုန်း-၀၉-၅၁၆၇၉၅၆။
           (၃) အပြည်ပြည်ဆိုင်ရာ ဓမ္မစက္ကဖောင်ဒေးရှင်း။ ဖုန်း- ၀၉-၅၁၂၇၃၃၀။
           (၄) မေတ္တာတံခွန်အသင်း၊ ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်။

(လတစ်လ၏ နောက်ဆုံးအပတ် တနင်္ဂနွေမှအပ၊ ကျန်တနင်္ဂနွေနေ့တိုင်း နံနက် ၁၀ နာရီမှ နေ့လည့် ၁၂ နာရီအထိ)
                                                     


Sunday, 29 July 2012

THE FIVE PRECEPTS

THE FIVE PRECEPTS
All religions have some basic rules that define what is good conduct and what kind of conduct should be avoided. In Buddhism, the most important rules are the Five Precepts. These have been passed down from the Buddha himself.
 
1. No killing                              Respect for life
2. No stealing                            Respect for others' property
3. No sexual misconduct           Respect for our pure nature
4. No lying                                Respect for honesty
5. No intoxicants                       Respect for a clear mind

No killing
The Buddha said, "Life is dear to all beings. They have the right to live the same as we do." We should respect all life and not kill anything. Killing ants and mosquitoes is also breaking this precept. We should have an attitude of loving-kindness towards all beings, wishing them to be happy and free from harm. Taking care of the earth, its rivers and air is included. One way that many Buddhists follow this precept is by being vegetarian.

No stealing
If we steal from another, we steal from ourselves. Instead, we should learn to give and take care of things that belong to our family, to the school, or to the public.

No sexual misconduct
Proper conduct shows respect for oneself and others. Our bodies are gifts from our parents, so we should protect them from harm. Young people should especially keep their natures pure and develop their virtue. It is up to them to make the world a better place to live. In happy families, the husband and wife both respect each other.

No lying
Being honest brings peace into the world. When there is a misunderstanding, the best thing is to talk it over. This precept includes no gossip, no back-biting, no harsh words and no idle speech.

No intoxicants
The fifth precept is based on keeping a clear mind and a healthy body. One day, when the Buddha was speaking the Dharma for the assembly, a young drunkard staggered into the room. He tripped over some monks who were sitting on the floor and started cursing loudly. His breath reeked of alcohol and filled the air with a sickening stench. Mumbling to himself, he reeled out the door.
Everyone was astonished at his rude behavior, but the Buddha remained calm. "Great assembly!" he spoke, "Take a look at this man! He will certainly lose his wealth and good name. His body will grow weak and sickly. Day and night, he will quarrel with his family and friends until they abandon him. The worst thing is that he will lose his wisdom and become stupid."
Little by little, one can learn to follow these precepts. If one sometimes forgets them, one can start all over again. Following the precepts is a lifetime job. If one kills or hurts someone's feelings by mistake, that is breaking the precepts, but it was not done on purpose. 

Instilling Goodness School
City of Ten Thousand Buddhas
Following the Buddha's Footsteps
Talmage, CA 95481 

မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံးဖြစ်သင့်တယ် ဒါပေမဲ့

မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံးဖြစ်သင့်တယ်   ဒါပေမဲ့

မေတ္တာရှင် - သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက -
မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။အဲဒီနှစ်ချက်ကိုထောက်ကြည့်ရင်မြန်မာတွေဟာကမ္ဘာမှာအချမ်းသာဆုံးဖြစ်သင့်တယ်။ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။
မေတ္တာရှင် - အကျဉ်းချုပ်ဖြေလိုက်တာကမြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။
နည်းနည်းအကျယ်ချဲ့ ပြောရရင် မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။   အဲဒီ ၁၁ ချက်က -

၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။ ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။

၂။မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။

၃။ဘာသာရေးအပေါ်မှာ ထားတဲ့မေတ္တာစေတနာမျိုးကို စီးပွါးရေးအပေါ်မှာမထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၎။ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက်လည်း  မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိကောင်းတဲ့အလုပ်မှာဆောက်တည်နေနိုင်စွမ်း မရှိလို့လည်းမြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။ ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။ ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရားဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။
ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှားပြတယ်။ ပညာတတ်တွေကျတော့ သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။ အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။ မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့ ထင်သွားတာပေါ့။ အဲလိုဟုတ်လားလို့မေးကြည့်လိုက်တဲ့အခါ ဟိုက ဘယ်လို ပြန်ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။ ၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယ်အလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရပြန်ပြောတယ်။ တခြားနိုင်ငံမှာတော့မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။ အဲလို မြန်မာအများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။

အရှင်ဇဝန(မေတ္တာရှင် ရွှေပြည်သာ)

လူတိုင်းကိုယ့်ထက်တော်သူဟုသဘောထားပါ

လူတိုင်းကိုယ့်ထက်တော်သူဟုသဘောထားပါ

ဤနည်းကို လေ့ကျင့်ဆောင်ရွက်ရလျှင် ကိုယ်လုံးဝလက်မခံနိုင်သော နည်းဖြစ် ကောင်းဖြစ်နိုင်သည်. . . သို့သော် ကြိုးစားစမ်းသပ်ကြည့်မည် ဆိုပါလျှင် တစ်ကိုယ်ရေ တိုးတက်မှုအတွက် အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခုဖြစ်ကြောင်း တွေ့ရမည် ဖြစ်ပါသည်. . မိမိသိသမျှ ၊ တွေ့သမျှ လူတို့ကို ကိုယ့်ထက် ဉာဏ်ပညာတော်သူဟူ၍ သဘောထားရန်ဖြစ်ပါသည်. . ကိုယ်တွေ့သမျှ လူတိုင်းသည် ကိုယ့်ကို တစ်စုံတစ်ရာ ပညာပေးမည့် သူများဟု သဘောထားရန်ဖြစ်ပါသည်. . . . ရိုင်းစိုင်းစွာ ဆက်ဆံတတ်သော ယာဉ်မောင်းသမား (သို့) အရိုအသေမတတ်သော လူငယ်တို့ပင် ကိုယ့်ကို သည်းခံတတ်အောင် ပညာပေးမည့် သူများ ဖြစ်ပါသည်. . .
ကိုယ့်အလုပ်မှာ ဘ၀တွင် မည်သူက ကိုယ့်ကို ဘာသင်ပေးနိုင်မည်ဟု ဆုံးဖြတ်တတ်ရန်ဖြစ်သည်. . ဤအလေ့အထကိုပြုလုပ်လျှင် သင့်မှာ စိတ်တိုတောင်းမှု ၊ စိတ်အနှောင့်အယှက်လျော့နည်းသွားမည်ဖြစ်ပါသည်. . ထိုနည်းဖြင့် ဘ၀တွင် ကသိကအောက် မဖြစ်ဘဲ နေသာဖွယ် ဖြစ်ပေလိမ့်မည်. . . . စိတ်ချမ်းသာမှုလည်း ရပေလိမ့်မည်. . . . . တစ်စုံတစ်ယောက် က မိမိအား သင်ခန်းစာပေးနေပါသည် ဟု သဘောပေါက်ပါက ကိုယ့်စိတ်တွင်ဖြစ်ပေါ်သမျှ မကျေနပ်မှုများလည်း ပျောက်သွားပါလိမ့်မည်. . .

ဥပမာ အားဖြင့် စာတိုက်စာရေးလုပ်သူက တမင်တကာ နှေးနှေးကွေးကွေး လုပ်နေသည်ကို တွေ့ရလျှင် စိတ်မတိုဘဲ . . ဒီလူ ငါ့ကို ဘာများ သဘောပေါက်စရာ လုပ်နေပါလိမ့်. . . . ဟု တွေးတောကြည့်ရပါမည်. . . . တစ်နည်းအားဖြစ် စာနာတတ်သွားပါသည်. . . လူတစ်ယောက်သည် . . ကိုယ်စိတ်မပါသောအလုပ်ကို လုပ်ရလျှင် မည်မျှ ခက်ခဲသည်ကို လည်း သိရှိနိုင်ပါသည်. . .

ထိုအလေ့အထမျိုးကို လေ့ကျင့်နိုင်လျှင် အဘယ်မျှ လွယ်ကူ၍ ကြည်ရွှင်စရာဖြစ်ကြောင်း အံ့သြဖွယ်တွေ့ရပါ လိမ့်မည်. . . . . ထိုအခါ သူတို့ ဒီလို ဘာဖြစ်လို့ လုပ်နေပါသနည်း ဟု စိတ်ထဲ မထားဘဲ. . . . သူတို့မိမိအား ဘာသင်ပေးနေတာပါလိမ့် ဟု ခံယူချက် ပြောင်းလဲသွားပါလိမ့်မည်. . . . . ထို့ကြောင့် ယနေ့မှ စ၍ ကိုယ့်အနီးအနား ပတ်ဝန်းကျင်တွင်ကိုယ့်ကို ဘ၀သင်ခန်းစာပေးနိုင်မည့်သူတို့ကို ရှာဖွေအပ်ပါသည်. . .

မောင်ဆုရှင်